File:မြန်မာငွေကြေး ပိုက်ဆုံများ.jpg

From Wikimedia Commons, the free media repository
Jump to navigation Jump to search

Original file (1,064 × 759 pixels, file size: 308 KB, MIME type: image/jpeg)

Captions

Captions

Add a one-line explanation of what this file represents

Summary

[edit]
Description
မြန်မာဘာသာ: စက်ရုံရှိ အလုပ်သမား၊ ပညာရှင်များမှာ တပ်မတော်မှ ဖြစ်သည်။ အရပ်သားလုံးဝ မရှိပေ။ စက်ရုံတွင် အလုပ်လုပ် သော တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များမှအပ မည်သူမျှ ဝင်ထွက်သွားလာခွင့်မရှိပေ။ စက်ရုံသို့ သွားရာလမ်းတွင် စစ်ဆေးရေးဂိတ် ၃ ခုရှိပါသည်။ လမ်းရွာ ကျေးရွာမှ စထွက်သည်နှင့် လက်နက်ကိုင်လုံခြုံရေးများ စောင့်ကြပ်နေသော ပထမစစ်ဆေးရေးဂိတ်ကြီးကို ရောက်ပါသည်။ ၎င်းမှ တောင်တက်လမ်းအတိုင်း ဆက်တက်၍ ၁၅ မိုင်ခန့် မောင်းနှင်ပြီးပါက ဒုတိယစစ်ဆေးရေးဂိတ်ကို ရောက်ပါသည်။ ထိုမှ တစ်ဆင့် ၁၅ မိုင်ခန့် ဆက်လက် မောင်းနှင်ပြီးပါက တတိယစစ်ဆေးရေးဂိတ် ရောက်ပါသည်။ ထို့နောက် ဝါဇီစက်ရုံသို့ရောက်ရှိပါသည်။ လမ်းရွာ ကျေးရွာမှ စက်ရုံထိ မိုင် ၃၀ ခန့် မောင်းနှင်ရပါသည်။ စစ်ဆေးရေးဂိတ်တိုင်း၌ လုံခြုံရေးတင်းကြပ်ထားပြီး လက်နက် ကိုင် တပ်သားများထားရှိပါသည်။

စက်ရုံတွင်းရောက်သည် နှင့် ပုံစံတူ အရွယ်တူ လူနေ တိုက်ခန်းများကို တွေ့ရပါမည်။ စက်ရုံလုပ်သားများနှင့် မိသားစု ဝင်များ နေထိုင်ကြပါသည်။ ထိုမှ အနည်းငယ် ဆက်တက်ပါက ပင်မစက်ရုံသို့ ရောက်ရှိပါမည်။ ပင်မ စက်ရုံထဲသို့ စက်ရုံ အလုပ်သမားများနှင့် တာဝန်ရှိသူများ သာ သွားလာခွင့်ရှိပါသည်။ စက်ရုံမှ ပြည်တွင်းသုံး ငွေစက္ကူ များ၊ စာပို့ စာချုပ် တံဆိပ်ခေါင်းများ၊ အောင်ဘာလေ ထီလက်မှတ်များနှင့် လုံခြုံရေး နှင့်ဆိုင်သော စာရွက်စာတန်းမျိုးစုံကို ရိုက်နှိပ်ထုတ်ဝေလျက်ရှိပါသည်။ ငွေစက္ကူ များကို ဝါဂွမ်းချည် ၄၀ % နှင့် လုံခြုံရေးကြိုး ပါသော စက္ကူသားများဖြင့်ရိုက်နှိပ်ရပါသည်။ ရေနီစက္ကူစက်ရုံမှ ထွက်သော ရိုရိုးစက္ကူများဖြင့် ရိုက်နှိပ်၍ မရသည်က တစ်ကြောင်း၊ ပြည်တွင်း၌လည်း မထုတ်လုပ်နိုင်သဖြင့် ဝါးဂွမ်း ချည် ၄၀ % နှင့် လုံခြုံရေးကြိုးပါသော စက္ကူ သားများကို အိန္ဒိယ နိုင်ငံမှတင်သွင်းရပါသည်။ အစိုးရအဆက်ဆက်သည် ဗဟိုဘဏ်မှ ငွေစက္ကူ ရိုက်နှိပ်ဖို့ လိုအပ်လာပြီဟု တင်ပြလာပါက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာန ၊ ထိုမှ တစ်ဆင့် စက်ရုံသို့ အဆင့်ဆင့် အကြောင်းကြားပြီးမှ စက်ရုံ က ရိုက်နှိပ်ရပါသည်။ စက်ရုံမှ ရိုက်နှိပ်လိုက်သော ငွေစက္ကူ များသည် သုံးစွဲ ၍ မရသေးပါ။ နံပါတ်စဉ် မတပ်ရသေး၍ ဖြစ်သည်။ စက်ရုံမှ ရိုက်နှိပ်ပြီးစီးသော ငွေစက္ကူများကို အစောင့် အကြပ် အပြည့်အစုံနှင့် နိုင်ငံတော်ဗဟိုဘဏ်သို့ ပို့ဆောင် ရပါသည်။ ဗဟိုဘဏ်မှ ငွေစက္ကူ များကို နံပါတ်စဉ်ရိုက်နှိပ်ပါသည်။ ဝါဇီစက်ရုံ၌ ရိုက်နှိပ်၍မရပါ။ ဗဟိုဘဏ်မှ ထိုငွေ စက္ကူ များကို နိုင်ငံ့ဝန်ထမ်းများကို လစာပေးရာတွင်သုံးပါသည်။( စာဖတ်သူတို့သတိထား ကြည့်ပါ။ နိုင်ငံ့ ဝန်ထမ်းများ ရလာသည့် ငွေစက္ကူသည် အသစ်ချပ်ချွတ်၊နံပါတ်အစဉ်လိုက်ဖြစ်နေတတ်သည်။) ထိုသို့ အဆင့်ဆင့် ဖြတ်သန်းပြီး သောအခါ မြန်မာပြည်တွင်း၌ သုံးစွဲနေသော ငွေကြေးအဖြစ်သို့ ရောက်ရှိလာကြောင်း ရေးသား ဖော်ပြလိုက်ရပေ သည်။

မူရင်းရေးသားသူ အောင်မျိုး
Date
Source https://www.google.com
Author Poethutaw

Licensing

[edit]
w:en:Creative Commons
attribution share alike
This file is licensed under the Creative Commons Attribution-Share Alike 4.0 International license.
You are free:
  • to share – to copy, distribute and transmit the work
  • to remix – to adapt the work
Under the following conditions:
  • attribution – You must give appropriate credit, provide a link to the license, and indicate if changes were made. You may do so in any reasonable manner, but not in any way that suggests the licensor endorses you or your use.
  • share alike – If you remix, transform, or build upon the material, you must distribute your contributions under the same or compatible license as the original.

File history

Click on a date/time to view the file as it appeared at that time.

Date/TimeThumbnailDimensionsUserComment
current15:24, 21 September 2020Thumbnail for version as of 15:24, 21 September 20201,064 × 759 (308 KB)Aunglinhtut (talk | contribs)Uploaded a work by Poethutaw from https://www.google.com with UploadWizard

There are no pages that use this file.